Skip to content
thutamyithwan.org

thutamyithwan.org

  • ပင်မစာမျက်နှာ
  • စာပေတိုက်
  • ဂျာနယ်
  • သင်တန်းရေးရာ
  • ကျွန်ပ်တို့အကြောင်း
  • ဆက်သွယ်ရန်
  • Home
  • အက်ဆေးကဏ္ဍ

Category: အက်ဆေးကဏ္ဍ

လျော့ပါးသွားသော စုပေါင်းစိတ်ဓာတ်

Posted on July 25, 2026 By Thuta Myit Hwan No Comments on လျော့ပါးသွားသော စုပေါင်းစိတ်ဓာတ်
လျော့ပါးသွားသော စုပေါင်းစိတ်ဓာတ်
အက်ဆေးကဏ္ဍ

ဤနေရာ၌ စုပေါင်းစိတ်ဓါတ်ဆိုသည်မှာ ရပ်ရွာအခြေပြု စုပေါင်းစိတ်ဓါတ်အား အဓိကထား၍ အနက်ဓိပ္ပါယ် ဖွင့်ဆိုလိုရင်းဖြစ်ပါသည်။ တနည်းအားဖြင့် မိမိတို့ရပ်ရွာအတွင်းမှ စုပေါင်းအားနှင့် လုပ်ဆောင်ရမည့် တဦးဆိုင်နှင့် အများဆိုင်အလုပ်များတွင် မိမိတို့ရပ်ရွာသူရပ်ရွာသားများ စုပေါင်းကူညီလုပ်ဆောင်ကြခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ဥပမာ မိမိရပ်ရွာသားတယောက် အိမ်ဆောက်လျှင်ဖြစ်စေ၊ လယ်လုပ်လျှင်ဖြစ်စေ၊ အိမ်ခြံဝင်းကာလျှင်ဖြစ်စေ၊ အလှူအတန်းလုပ်လျှင် ဖြစ်စေ၊ သာရေးနာရေးတခုခုအတွက် အကူအညီလိုအပ်နေချိန်တွင် မည်သည့် အကျိုးမျှော်မှန်းချက် တခုမှမထားရှိပဲ စိတ်ရင်းစေတနာအရင်းခံထား၍ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးခြင်းသည် ရပ်ရွာအခြေပြု စုပေါင်းစိတ်ဓါတ် ဖြစ်ပါသည်။ ထို့အပြင် မိမိတို့ရပ်ရွာအတွင်းရှိ ဘာသာရေး ကျောင်းကန်အဆောက်အဦးများ၊ လမ်းတံတားများ၊ ပညာရေးကျောင်းများနှင့် ကျန်းမာရေး အဆောက်အဦးများအား ပြုပြင်ထိန်းသိမ်းခြင်း၊ ရပ်ရွာသန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် လုပ်အားပေးခြင်းများသည်လည်း ရပ်ရွာအခြေပြု စုပေါင်းစိတ်ဓါတ်ဖြစ်ပါသည်။ ၁၉၈၁ ခုနှစ်ဖွား ကျွန်တော်ကိုယ်တိုင်သည် အထက်ပါရပ်ရွာအခြေပြု စုပေါင်းစိတ်ဓါတ်အား ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခံစားခဲ့ရဖူးသူ ဖြစ်ပါသည်။ … Read More “လျော့ပါးသွားသော စုပေါင်းစိတ်ဓာတ်” »

အဖြုန်း

Posted on July 25, 2026July 25, 2026 By Thuta Myit Hwan No Comments on အဖြုန်း
အဖြုန်း
အက်ဆေးကဏ္ဍ

ဂျက်ကီချမ်းက “သူ့မှာ အတွင်းခံဘောင်းဘီ (၂)ထည်ပဲရှိပြီး ရေချိုးတိုင်း သူကိုယ်တိုင် လျှော်တယ်” လို့ အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ်။ သူဟာ အတွင်းခံဘောင်းဘီဝယ်ဖို့ မတတ်နိုင်တဲ့သူ၊ အဝတ်လျှော်ပေးဖို့ ဝန်ထမ်းမထားနိုင်တဲ့သူ မဟုတ်တာ အားလုံး သိကြပြီးသားပါ။ ဒီစကားဟာ သူ့ရဲ့ စည်းစနစ်ကို သူဖော်ပြချင်လို့ ပြောတာပါ။  လူတယောက်ဟာ နေ့စဉ်ဘဝ တနေ့တာ ဆောင်ရွက်စရာတွေ ဆောင်ရွက်ရင်း ပေါ့ပေါ့ပါးပါးနဲ့ အချို့အလုပ်လေးတွေကို လုပ်သွားလို့ရတယ်။ ဘယ်သူ့မှ အားကိုးစရာမလိုဘူး။ သာမန်အလုပ် သေးသေးလေးတွေ စုပုံလာပြီး တချိန်မှာ အလုပ်ကြီးတစ်ခုလို ထိုင်ရှင်းနေရတာမျိုး မဖြစ်သင့်ဘူး လို့ ပြောချင်တာ ဖြစ်မယ်။  ရေချိုးရင်း အတွင်းခံ တထည်၊ နှစ်ထည်လျှော်လိုက်တာဟာ ထူးပြီး အချိန်မကုန်ဘူး။ ဒိုဘီ မပေးရတော့ ငွေမကုန်တော့ဘူး။ ချိုးနေတဲ့ရေ၊ သုံးနေတဲ့ဆပ်ပြာနဲ့ အလွယ်တကူ … Read More “အဖြုန်း” »

Copyright © 2026 thutamyithwan.org.

Loading Comments...